Sar Yay Club

Do it first. You can do it right later.

24 Jan 2021

7 Network Layers

Networking ဟာ software engineer တိုင်သိထားသင့်တဲ့ အခြေခံအကြောင်အရာ တခုပဲဖြစ်ပါတယ်။ Mobile engineer ပဲဖြစ်ဖြစ် API/Backend engineer ပဲဖြစ်ဖြစ် frontend engineer ပဲဖြစ်ဖြစ် data ကို network ပေါ်ကနေ transfer လုပ်ရသည်ဖြစ်သည့်အတွက် networking layer တွေအကြောင်း Protocal တွေအကြောင်း သိဖို့ကောင်းပါတယ်။

Network Layers

ပထမဦးဆုံး အခြေခံအကျဆုံးဖြစ်တဲ့ Network Layers ၇ ခုအကြောင်းကနေ စပြောမှာ ဖြစ်ပါတယ်။

ဒါကတော့ Layer ၇ ခု ဖြစ်ပါတယ်။

7 layers

Layer 5 ကနေ Layer 7 မှာဆိုရင် ကြားဖူးနေကျဖြစ်မယ့် HTTP, FTP, SSH, SSL, DNS စတဲ့ protocol တွေပါပါတယ်။

Layer 4 မှာတော့ TCP တို့ UDP တို့ပါပါတယ်။

Layer 3 မှာ IP packet တွေနဲ့ IP Routing ပါပါတယ်။

Layer 2 မှာတော့ Ethernet packet တွေနဲ့ Ethernet switching ပါပါတယ်။

Layer 1 မှာဆိုရင်တော့ physical network device တွေပါပါတယ်။

data တခုကို ေနာက်တနေရာကို ပို့တယ်ဆိုရင် Layer 7 ကနေ Layer 1 ကို သွားပါတယ်။ လက်ခံမယ်ဆိုရင်တော့ Layer 1 ကနေ Layer 7 ကို ပြန်သွားပါတယ်။ Layer တခုချင်းစီကလည်း သူတို့နဲ့ဆိုင်တဲ့ အချက်အလက်တွေကို ပို့လိုက်မယ့် packet ထဲကို header အနေနဲ့ထည့်ပေးလိုက်တာ ရှိပါတယ်။

အတိုကောက်အနေနဲ့မှတ်မိချင်ရင်တော့

  • “Please Do Not Throw Salami Pizza Away”
    • Please - Presentation
    • Do - Datalink Layer
    • Not - Network Layer
    • Throw - Transport Layer
    • Salami - Session Layer
    • Pizza - Presentation Layer
    • Away - Application Layer

တခြား အတိုကောက်တွေကို ဒီမှာ ကြည့်လို့ရပါတယ်။